1 / 18

agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj;

agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 4 ) ( 20/ 08/ 2011 ). နမော တဿ ဘဂ၀တော အရဟတော သမ္မာသ မ္ဗုဒ္ဓဿ. စိတ်၊ စေတသိက်များအကြောင်း. ဒိဋ္ဌိအကြောင်း သိကောင်းစရာ

kassia
Download Presentation

agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj;

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. agClnjNocjc’/ lnjdnj[miU lnjdnjwiHfRekYfcj;| pTma{kimj hcj{kf;po.KYapjehf Bud%abiDmMfhcjtnj; apFtjsOj ( 4 ) ( 20/ 08/ 2011 ) နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  2. စိတ်၊ စေတသိက်များအကြောင်း • ဒိဋ္ဌိအကြောင်း သိကောင်းစရာ • မှားမှားယွင်းယွင်း သိမြင်ခြင်းသည် ဒိဋ္ဌိမည်၏။ ထို့ကြောင့် “မှားသောအမြင် ဒိဋ္ဌိတွင်သား” ဟုဆိုခဲ့သည်။ ဤအသိအမြင်မှားနေခြင်းကိုပင် ယခုကာလ၌ “အယူမှားနေခြင်း” ဟုခေါ် ကြ၏။ ဤဒိဋ္ဌိသည် “မရှိသည်ကို အရှိ၊ ရှိသည်ကို မရှိ၊ မဟုတ်သည်ကို အဟုတ်၊ ဟုတ်သည်ကို မဟုတ်” ဟုသိမြင်နေရုံသာမက “သူ၏အယူကအမှန်၊ သူများအယူတွေက အလွဲ” ဟုစွပ်စွဲတတ်သေး၏။ ဒိဋ္ဌိ၏ပုံရိပ်များ

  3. စိတ်၊ စေတသိက်များအကြောင်း • ၀ိစိကိစ္ဆာအကြောင်း သိကောင်းစရာ • ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည် “၀ိစိကိစ္ဆာ”တည်း။ ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှား ဘိမူ၊ ၀ိစိကိစ္ဆာ” ဟုဆိုခဲ့သည်။ “ယုံမှား” ဟူသည် လုံးလုံး မယုံကြည်ခြင်း မျိုးလည်း မဟုတ်၊ စိတ်ချ လက်ချ မယုံကြည်ဘဲ “မယုံတ၀က်၊ ယုံတ၀က်” ဆိုသလို ဖြစ် နေခြင်းမျိုးတည်း။ ၀ိစိကိစ္ဆာ၏ ပုံရိပ်များ

  4. စိတ်၊ စေတသိက်များအကြောင်း • ၀ိစိကိစ္ဆာ၏ယုံမှားမှုများ- ၁။ အလုံးစုံကိုသိသော ဘုရားဆိုတာ ဟုတ်ပါ့မလား။ ၂။ ထိုတရားအတိုင်းကျင့်လျှင် နတ်ရွာ နိဗ္ဗာန်ရနိုင်သည်ဆိုတာ ဟုတ်ပါ့မလား။ ၃။ (ကောင်းမွန်စွာ ကျင့်သောသံဃာကို ကြည့်၍) ကောင်းမွန်စွာကျင့်သော သံဃာဟုတ်မှ ဟုတ်ရဲ့လား။ ၄။ ငါတို့ ကျင့်ကြံ စောင့်ရှောက်အပ်သော သီလသိက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့မလား။ ၅။ ငါတို့ ရှေးရှေးဘ၀က ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူးရဲ့လား။ (ယခုဘ၀မှ ထာဝရဘုရား ဖန်ဆင်းလို့ ဖြစ်ရတာလေလား)။ ၆။ နောက်၌ ရောက်ဖို့ရာဘ၀ရှိသေးတယ်ဆိုတာ ဟုတ်ပါ့မလား။ (ယခုဘ၀သေလျှင် ပြီးချင်ပြီးနေမလား။) ၇။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကုသိုလ်ကံ အကုသိုလ်ကံအဖြစ်ဖြင့် ခန္ဓာအစဉ်ကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်ပါ့မလား။ (ကံကိုမယုံကြည်ပုံ) ၈။ ထိုကံ၏အကျိုးများ ရလိမ့်မည်ဆိုတာ ဟုတ်ပါ့မလား။ (ကံ၏ အကျိုးကို မယုံကြည်ပုံ) ၉။ အ၀ိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသောအကြောင်း အကျိုးစပ်ပုံသည် ဟုတ်မှ ဟုတ်ပါ့မလား။ (ပဋိစ္စ သမုပ္ပါဒ်ကို မယုံကြည်ပုံ)

  5. စိတ်၊ စေတသိက်များအကြောင်း • ၀ိစိကိစ္ဆာအတု • စာအဓိပ္ပါယ်ကိုဖြစ်စေ၊ တစ်စုံတစ်ရာ အမှုကိစ္စကိုဖြစ်စေ၊ ခရီးသွားရာ၌ လမ်းကိုဖြစ်စေ “ဟုတ်မှ ဟုတ်ပါ့ မလား၊ ပြုလို့တော်ပါ့မလား” စသောယုံမှားသံသယများ ဖြစ်တတ်၏။ ရဟန္တာများပင် ၀ိနည်းပိုင်း ဆိုင်ရာ၌ “ဤအမှုဟာ အပ်မှ အပ်ပါ့မလား” ဟုယုံမှားတော်မူကြသေး၏။ ဤယုံမှားသံသယကား ၀ိစိကိစ္ဆာမဟုတ်။ တချို့အရာ၌ စဉ်းစားကြံစည် တတ်သော ဥာဏ်၊ တချို့အရာ၌ အကြံသက်သက် ၀ိတက်သဘောဖြစ်၏။ ဧကန် ယုံထိုက်သော ဘုရားစသည်တို့ကို မယုံသင်္ကာဖြစ်နေရာ၌သာ ၀ိစိကိစ္ဆာအစစ်ဖြစ်သည်။ ဤသို့ ၀ိစိကိစ္ဆာဖြစ်သောအခါ ပညာရှိများအထံ မေးမြန်းရမည်။ သို့မှသာ ၀ိစိကိစ္ဆာ ကင်းကွားလျက် ဘုရား စသည်တို့၌ ယုံကြည်မှု သဒ္ဓါတရား ဖြစ်ပေါ်လာနိုင်ပေမည်။

  6. စိတ်၊ စေတသိက်များအကြောင်း • ဥဒ္ဓစ္စအကြောင်း သိကောင်းစရာ • စိတ်ပျံလွင့်ခြင်း၊ မငြိမ်သက်ခြင်းသဘောသည် ဥဒ္ဓစ္စတည်း။ ထို့ကြောင့် “မှတ်ယူပျံ့လျက် မငြိမ်သက်ထ ဥဒ္ဓစ္စနှင့်” ဟုဆိုခဲ့သည်။ “ပျံ့လွင့်” ဆိုသည်ကား ပြာပုံပေါ်သို့ ခဲကျသောအခါ ပြာတွေလွင့်တက်သကဲ့သို့ အာရုံတစ်ခုခုအပေါ်၌ ငြိမ်သက်စွာ မတည်နိုင်ဘဲ ဟိုအာရုံရောက်လိုက်၊ သည်အာရုံရောက်လိုက် ဖြစ်နေ ခြင်းတည်း။ ထို ဥဒ္ဓစ္စနှင့်အတူတကွဖြစ်သော စိတ်လည်း စိတ်လေ စိတ်လွင့်ဖြစ်၍ ဥဒ္ဓစ္စအားကြီးနေသော အခါ ကိုယ်ခန္ဓာလည်း မငြိမ်မသက် ဖြစ်နေရကား လူလေလူလွင့် လူပေါ်ကြော့ ဖြစ်တတ်လေသည်။ ဥဒ္ဓစ္စ၏ ပုံရိပ်များ

  7. ကာမာဝစရသောဘနစိတ် ၂၄ ပါး ကာမသောဘနစိတ်။ ။ ကာမဘုံ၌ အများအားဖြင့်ဖြစ်တတ်သော တင့်တယ်သည့် စိတ်များ။ ကာမသောဘနစိတ် ၂၄-ပါး မဟာကုသိုလ်စိတ် ၈ မဟာဝိပါက်စိတ် ၈ မဟာကြိယာစိတ် ၈ (ရဟန္တာမဟုတ်သော ပုဂ္ဂိုလ်တို့ကုသိုလ်ပြုသည့်စိတ်) (ရှေးကုသိုလ်ကံ၏အကျိုးဖြစ်သည့်စိတ်) (ရဟန္တာပုဂ္ဂိုလ်တို့ကုသိုလ်ပြုသည့်စိတ်)

  8. မဟာကုသိုလ်စိတ် ၈ ပါး မဟာကုသိုလ်စိတ် ။ ။ ရဟန္တာမဟုတ်သော ပုဂ္ဂိုလ်တို့ကုသိုလ်ပြုသည့်စိတ် မဟာကုသိုလ်စိတ် ၈ ပါး

  9. အဓိပ္ပါယ် ရှင်းလင်းချက် • ဒါန၊ သီလ၊ ဘာဝနာတည်းဟူသော ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုတိုင်း မဟာ ကုသိုလ်စိတ်ဖြစ်၏။ ၀မ်းမြောက် ရွှင်လန်းစွာပြုလျှင် သောမနဿသဟဂုတ်စိတ်ဖြစ်၏။ ၀မ်းမြောက်ဝမ်းနည်း မဖြစ်ဘဲ အလယ်အလတ်သဘောဖြင့်ပြုလျှင် ဥပေက္ခာသဟဂုတ် စိတ်ဖြစ်၏။ ကုသိုလ်ပြုရာတွင် ဥာဏ်ယှဉ်ပါက ဥာဏသမ္ပယုတ်စိတ်ဖြစ်ပြီး ဥာဏ်မယှဉ်လျှင် ဥာဏ၀ိပ္ပယုတ်စိတ်ဖြစ်၏။ • တိုက်တွန်းမှုမပါပဲ မိမိအလိုအလျောက် ကုသိုလ်ပြုလျှင် အသင်္ခါရိကကုသိုလ်စိတ်ဖြစ်၏။ မိမိကို မိမိ တိုက်တွန်း နိုးဆော်၍ဖြစ်စေ၊ သူတစ်ပါးတိုက်တွန်းမှုကြောင့်ဖြစ်စေ ကုသိုလ်ပြု လျှင် သသင်္ခါရိက ကုသိုလ်စိတ်ဖြစ်၏။ အသင်္ခါရိကကုသိုလ်ကံသည် သသင်္ခါရိကကုသိုလ် ထက် ပို၍ အကျိုးပေး ထက်သန်၏။

  10. မဟာဝိပါက်စိတ် ၈ ပါး မဟာဝိပါက်စိတ် ။ ။ ရှေးကုသိုလ်ကံ၏အကျိုးဖြစ်သည့်စိတ် မဟာဝိပါက်စိတ် ၈ ပါး

  11. အဓိပ္ပါယ် ရှင်းလင်းချက် • မဟာဝိပါက်စိတ်တို့သည် ရှေးဘ၀များက ကုသိုလ်ကောင်းမှုကြောင့် လက်ရှိဘ၀တွင် အကျိုးခံစား ရသည့်စိတ်များဖြစ်ကြ၏။ လူနှင့်နတ်တို့သည် မဟာဝိပါက်စိတ်ဖြင့် ပဋိသန္ဓေနေကြရ၏။ ထိုမဟာ ၀ိပါက်စိတ်ကပင်လျှင် တသက်လုံး “ဘ၀င်စိတ်” (ဘ၀ဆက်ပေးသောစိတ်) အဖြစ် ဆက်ကာ ဆက် ကာ ဖြစ်ပေါ်လာရ၏။ နောက်ဆုံးသေသည့်အခါ၌လည်း ထိုမဟာဝိပါက်စိတ်ကပင် “စုတိစိတ်” အ ဖြစ် ဆောင်ရွက်၏။ • မဟာဝိပါက်စိတ်တို့သည် ၀ိပါက်စိတ်အစဉ်များ၌လည်း တဒါရုံကိစ္စတွင် ပါဝင်အမှုထမ်းကြ၏။ • ဥာဏသမ္ပယုတ် မဟာဝိပါက်စိတ် တစ်ပါးပါးဖြင့် ပဋိသန္ဓေနေခဲ့သောသူ၏ ဘ၀င်စိတ်အစဉ်၌ အလောဘ၊ အဒေါသ၊ အမောဟ (ဥာဏ်ပညာ) ဟူသည့် ဟိတ်သုံးပါး ယှဉ်၏။ ထိုကြောင့် ထိုပုဂ္ဂိုလ်ကို တိဟိတ် ပုဂ္ဂိုလ်ဟုခေါ်၏။ ဥာဏ၀ိပ္ပယုတ် မဟာဝိပါက်စိတ် တစ်ပါးပါးဖြင့် ပဋိသန္ဓေ နေခဲ့သောသူ၏ ဘ၀င်စိတ်အစဉ်၌မူ အလောဘနှင့်အဒေါသဟူသည့် ဟိတ်နှစ်ပါးသာယှဉ်၏။ ထို့ ကြောင့် ထိုပုဂ္ဂိုလ်ကို ဒွိဟိတ်ပုဂ္ဂိုလ်ဟု ခေါ်ဆိုရ၏။

  12. မဟာကြိယာစိတ် ၈ ပါး မဟာကြိယာစိတ်။ ။ ရဟန္တာပုဂ္ဂိုလ်တို့ကုသိုလ်ပြုသည့်စိတ် မဟာကြိယာစိတ် ၈-ပါး

  13. အဓိပ္ပါယ် ရှင်းလင်းချက် • ဤစိတ်တို့သည်လည်း မဟာကုသိုလ်စိတ်များအတိုင်းပင် အမည်ရကြ၏။ ရဟန္တာများက ကုသိုလ်ပြု ကြသည့်အခါ မဟာကြိယာစိတ်များဖြင့်ပြုကြ၏။ ရဟန္တာအရှင်မြတ်တို့သည် ဘ၀ တဖန် ထပ်မံနေစရာ မလိုတော့သဖြင့် ကုသိုလ်၏အကျိုးကိုခံစားစရာမရှိတော့ချေ။ ထို့ကြောင့် ထိုအရှင်မြတ်တို့၏ ကုသိုလ်ပြု ခြင်းသည် ပြုကာမတ္တမျှဖြစ်၏။ ပြုထိုက်၍ ပြုခြင်းမျှသာဖြစ်၏။ • ဒါကြောင့်မို့ ဘုရား ရဟန္တာကျတော့ ကုသိုလ်လည်းမဖြစ်ဖူး၊ အကုသိုလ်တော့ ဝေးရော၊ ကုသိုလ် အစား ကြိယာဖြစ်တယ်။ ဒါကြောင့်မို့ ရှင်သာရိပုတ္တရာက သူများကို တရားဟော တယ်၊ ကြိယာစိတ် ဖြစ်တယ်။ ပုထုဇဉ်ဘုန်းကြီး (သို့မဟုတ်) အောက်တန်းအရိယာ ဘုန်းကြီး က တရားဟောတယ်၊ ကုသိုလ် စိတ်ဖြစ်တယ်။ အဲဒီလို ကုသိုလ်စိတ်နဲ့ ကြိယာစိတ်ကကွာတာ။

  14. သရုပ်ခွဲ မှတ်ဖွယ် (၁) အကုသိုလ်စိတ် ၁၂ ပါး သရုပ်ခွဲ အဟိတ်စိတ် ၁၈ ပါး သရုပ်ခွဲ အသောဘနစိတ် ၃၀ ပါး သရုပ်ခွဲ

  15. သရုပ်ခွဲ မှတ်ဖွယ် (၂) ကာမသောဘနစိတ် ၂၄ ပါး သရုပ်ခွဲ ကာမစိတ် ၅၄ ပါး သရုပ်ခွဲ

  16. ဗဟုသုတ ( ၁ ) ၁။ ရဟန်းသံဃာများအား ဆွမ်းလောင်းလှူသောအခါ ဖြစ်ပေါ်တတ်သော ကုသိုလ်စိတ်များအနက် နှစ်မျိုး မျှသာ ရေးပြပါ။ ၂။ မိမိအိမ်တွင် ကိုးကွယ်ထားသော ဗုဒ္ဓရုပ်ပွား ဆင်းတုတော်အား အကျိုးသိမြင် ဥာဏ်နှင့်ယှဉ်၍ နေ့စဉ် ဘုရားရှိခိုးကြသော ဗုဒ္ဓဘာသာဝင်တို့အား ဖြစ်ခွင့်ရှိသမျှ မဟာကုသိုလ်စိတ်တို့ကို တစ်ပါးစီ ဖြေဆိုပါ။ ၃။ မိခင်ဘုရားရှိခိုးနေသည်ကို အတုယူ၍ မိခင်ဘေးမှ ၀မ်းမြောက်ဝမ်းသာဖြင့် ဘုရားရှိခိုးသော ကလေးငယ် အား မည်သည့်ကုသိုလ်စိတ်ဖြစ်ပါသနည်း ဖော်ပြခဲ့ပါ။ ၄။ ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ ကောင်းကျိုးကို မျှော်မြင်လျက် မိမိသဒ္ဓါအလျောက် ၀မ်းမြောက်စွာ အလှူ ငွေထည့်ဝင် လှူဒါန်းကြသောသူတို့၏ သန္တာန်၌ ဖြစ်ပေါ်သော ကုသိုလ်စိတ်ကိုရေးပြပါ။ ၅။ မည်သူတစ်ဦးတစ်ယောက်မျှ မတိုက်တွန်းရဘဲ နှစ်သက်ဝမ်းမြောက်စွာ ဆွမ်းခံဘုန်းဘုန်းအား ရှိခိုးဦးချ လျက်ရှိသော ကလေးငယ်၏ သန္တာန်၌ ဖြစ်ပေါ်နိုင်သော ကုသိုလ်စိတ်ကိုဖော်ပြပါ။ ၆။ ယခုခေတ် ဘက်စုံမွမ်းမံရေးတို့၌ လူမျိုးခြားဘာသာဝင်များက အလှူငွေများ ထည့်ဝင်ခြင်းသည် မည်သည့် ကုသိုလ်မျိုးဖြစ်သည်ကို ထုတ်ပြပါ။

  17. ဗဟုသုတ ( ၂ ) ၇။ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းဖောက်တံတာဆောက်ရာ၌ မတိုက်တွန်းရပဲ ပျော်ပျော်ရွှင်ရွှင် အသိ ဥာဏ်ယှဉ်ကာ ပါဝင်ဆောင်ရွက်နေသူ၏ သန္တာန်၌ ဖြစ်ပေါ်နိုင်သောစိတ်ကို ဖော်ပြပါ။ ၈။ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရွှေပြားသင်္ကန်း ဆက်ကပ်ပူဇော်ရာ၌ မည်သူမျှမတိုက်တွန်းရပဲ ပျော် ရွှင်စွာဖြင့်ပါဝင်လှူဒါန်းသော ကံကျိုးမြင်သိ ပညာရှိသန္တာန်၌ဖြစ်ပေါ်နိုင်သောစိတ်ကို ဖော်ပြပါ။ ၉။ သံဃာတော်များကြွလာသည်ကို ဖူးမြင်ရသောမိခင်က“သာလေး ရှိခိုး, ရှိခိုး”ဟုပြောဆိုတိုက်တွန်းမှု ကြောင့်ပျော်ရွှင်စွာရှိခိုးနေသောကလေးငယ်သန္တာန်၌ဖြစ်ပေါ်သောကုသိုလ်စိတ်ကိုတိကျစွာ ဖော်ပြပါ။ ၁၀။ အိုမင်းမစွမ်းဖြစ်နေသော ဘိုးဘွားများ၏ ကိစ္စကြီးငယ်ကို မိမိအသိစိတ်ဖြင့် ပျော်ရွှင်စွာ ကူညီဆောင် ရွက်ပေးနေသော လူငယ်တစ်ဦး၏ သန္တာန်၌ဖြစ်ပေါ်နေသော ကုသိုလ်စိတ်ကို ပြည့်စုံတိကျစွာ ဖော်ပြပါ။ ၁၁။ ဤကားကုသိုလ်၊ အကုသိုလ်ဟု၊ ခွဲခြားမသိ၊ ဥာဏ်မရှိဘဲ၊ ဒါနသီလ စသည်ဖြာဖြာ၊ ကောင်းမှုကို သာ၊ သောမနဿဖြင့် ပြုလုပ်လေ့ရှိသောသူ၏ သန္တာန်၌ ဖြစ်ပေါ်နိုင်သောစိတ်ကို ဖော်ပြပါ။

  18. နိဂုံးချုပ် ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု။ (၃-ခေါက်) ဗုဒ္ဓသာသနံ-မြတ်စွာဘုရား၏ သာသနာတော်မြတ် ကြီးသည်၊ စိရံ-အနှစ်ငါးထောင် ရှည်မြင့်ကြာအောင်၊ တိဋ္ဌတု-အရှည်ခန့်၍ တည်တံ့နိုင်ပါစေသတည်း။ သာဓု သာဓု သာဓု

More Related