160 likes | 296 Views
အသစ်ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံများတွ င် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို အသုံးပြု ခင်း. Timothy M. Meisburger. အသစ်ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံများတွင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကို အသုံးပြု ခင်းစနစ် (PR) ကို အသုံးပြု ခင်းသည် အကောင်းဆုံးရွေးချယ်မှုလော ???.
E N D
အသစ်ပေါ်ထွန်းစဒီမိုကရေစီနိုင်ငံများတွင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကိုအသုံးပြုခြင်း Timothy M. Meisburger
အသစ်ပေါ်ထွန်းစဒီမိုကရေစီနိုင်ငံများတွင် အချိုးကျကိုယ်စားပြုရွေးကောက်ပွဲစနစ်ကိုအသုံးပြုခြင်းစနစ် (PR)ကိုအသုံးပြုခြင်းသည် အကောင်းဆုံးရွေးချယ်မှုလော??? ဖွံ့ဖြိုးပြီးနိုင်ငံအများအပြားတွင် (PR) စနစ်ကိုအသုံးပြုကြသည်။ ပဋိပက္ခများကိုအဆုံးသတ်ခဲ့သောအာဏာခွဲဝေမှုသဘောတူညီချက်များ တွင် (PR)စနစ်သည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ (PR) စနစ်သည် ဒီမိုကရေစီဖွံ့ဖြိုးမှုအတွက် ရောထွေးမှတ်တမ်းတစ်ခု ဖြစ်သည်။
မဲများသူအနိုင်ရသောစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) ပါတီအချိုးကျကိုယ်စားပြုစနစ်- အစိုးရထဲတွင် ပါတီအနေဖြင့်ကိုယ်စားပြု ရသောစနစ်ဖြစ်သည်။ (PR) စနစ်ကိုယ်စားလှယ်များသည် သူတို့၏ ပါတီခေါင်းဆောင်များကို အဓိကတာဝန်ခံရသည်။ မဲပေးသူများကို တာဝန်ခံရမှုအားနည်းသည်။ မဲထက်ဝက်ကျော်ရမှ အနိုင်ရသည့်စနစ် (Majority system) နှင့် မဲများသူအနိုင်ရသည့်စနစ်(Plurality system ) တို့တွင် ပါတီထက် ကိုယ်စားလှယ် တစ်ဦးချင်းစီကပိုအရေးကြီးသည်။ ထိုစနစ်များတွင် ကိုယ်စားလှယ်သည် မဲဆန္ဒရှင်များကိုအဓိက တာဝန်ခံရသည်။
ပါတီများနှင့် PR (PR) စနစ်သည် နိုင်ငံရေးအယူအဆ (Ideology) ကွဲပြားမှုကိုအဓိကဇောင်းပေးပြင်ဆင်ထားသောစနစ်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထု၏ နိုင်ငံရေးဆိုင်ရာအရွေ့မောင်းနှင်မှုမှာ (Ideology) မဟုတ်သောနိုင်ငံများအတွက် သိပ်ပြီးမကိုက်ညီလှပေ။ (PR)စနစ်တွင် ကိုယ်စားလှယ်များသည် ပါတီမှတဆင့် ကိုယ်စားပြုရသဖြင့် ပါတီသည် ပါတီတွင်းလည်ပတ်မှု အားနည်းသည့်အခါ (သို့မဟုတ်) မရှိသည့်အခါ ကိုယ်စားပြုမှု အရည်အသွေးသည် အလွန်နိမ့်ကျနိုင်သည်။
PR နှင့်တာဝန်ခံမှု အထက်သို့တာဝန်ခံရမှုသည် ပါတီခေါင်းဆောင်များကိုအားကောင်းစေသည်။ ပါတီတွင်းဒီမိုကရေစီအားနည်းသည့် ပါတီများတွင် တာဝန်ခံမှုနည်းပါးစေ သည်။ (PR) စနစ်သည် တာဝန်ခံမှုမရှိသော ခေါင်းဆောင်များကိုအကာအကွယ် ပေးထားနိုင်ပြီးခေါင်းဆောင်မှု အပြောင်းအလဲနှင့် နိုင်ငံရေးအတွေးအခေါ် သစ်များပေါ်ထွက်လာမှုကိုတားဆီးထားနိုင်သည်။
PR နှင့်လူမှုရေး၊ လူမှုဝန်းကျင်ကွာဟချက် နိုင်ငံရေးဆိုင်ရာအယူအဆ(Ideology) အရေးမပါသော နိုင်ငံများတွင် နိုင်ငံရေးပါတီများသည် လူမှုရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာကွာဟချက်များအပေါ် အခြေခံတည်ဆောက်ကြသည်။(ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ မျိုးနွယ်စု၊ ဘာသာစကားစသည့်) ထို့ကြောင့် (PR)သည် လူမှုရေး၊ လူမျိုးရေးဆိုင်ရာကွာဟချက်(သို့) အဆင်မပြေမှုကို ပို၍ဆိုးဝါးလာစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ထို နိုင်ငံရေးပါတီများသည် လူမျိုးရေး၊ လူမှုရေးကွဲပြားမှုအပေါ်အခြေခံတည်ဆောက်ထား၍ ထိုကွဲပြားမှု လျော့ပါးနည်းပါးသွားခြင်းသည် ထိုပါတီများအတွက် အကျိုးမရှိနိုင်ပေ။
PR နှင့် အစွန်းရောက်ဝါဒ -၁ (PR)စနစ်သည် အစွန်းရောက်ပါတီများဖွံ့ဖြိုးတိုးတက်လာမှုကိုအားပေးသည်။ မဲထက်ဝက်ကျော်ရမှ အနိုင်ရသည့်စနစ် နှင့် မဲများသူအနိုင်ရသည့်စနစ် များတွင် ပါတီများသည်လူများစုအကြိုက်လိုက်ရန် လိုအပ်သည်။ ထို့ကြောင့် အလယ်အလတ်ဝါဒ သဘောဆောင်လေ့ရှိသည်။
PR နှင့် အစွန်းရောက်ဝါဒ -၂ အသွင်ကူးပြောင်းကာလရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီအသစ်များစွာပါလေ့ရှိသည်။ (PR) စနစ်ရွေးကောက်ပွဲတစ်ခုတွင် ပါတီတစ်ခုသည် ဆန္ဒမဲ (၂၀%)ရရုံဖြင့် လူများစုမဲကိုအလွယ်တကူရရှိနိုင်သည်။ အသွင်ကူးပြောင်းကာလရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်တစ်ဦးသာ ပါဝင်သော မဲဆန္ဒနယ်များထားရှိခြင်းဖြင့် လူသိများသော၊ လူကြိုက်များသောဒေသခံများသည် အလွယ်တကူအနိုင်ရရှိနိုင်သည်။ အစွန်းရောက် ကိုယ်စားလှယ်များသည် နေရာအနည်းငယ်သာအနိုင်ရရှိနိုင်သည်။
ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု (PR) စနစ်သည် ပါတီကြီးများကိုအားကောင်းစေသည်။ ထိုပါတီများသည် ဒီမိုကရက်တီပါတီ ဖြစ်ချင်မှ ဖြစ်လိမ့်မည်။ ထို့အပြင် ပါတီခေါင်းဆောင်ပိုင်းတွင် အာဏာများကိုသွားရောက်စုပုံနေစေနိုင်သည်။ လက်ရှိတည်ရှိနေသောအေလိ(လူ့မလိုင်)များကိုပိုမိုအားကောင်းစေခြင်းအားဖြင့် ဒီမိုကရက်တစ်ပါတီများ၏ ဖွံ့ဖြိုးမှုကိုတားဆီးနိုင်သည်။ မဲများသူအနိုင်ရသည့်စနစ်တွင် အာဏာသည် ကွဲသွားပြီးကိုယ်စားလှယ် တစ်ဦးချင်းစီသည်ပါတီအချင်းချင်းကြားမဟာမိတ်ဖွဲ့မှုကို ပြုလုပ်နိုင်သည်။ ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဒီမိုကရက်တစ်ပါတီများ၏ ဖွံဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည်။
PRနှင့် လူများစုအနိုင်ရသည့်စနစ် ကိုယ်စားပြုမှု PR စနစ်တွင် ကိုယ်စားပြုမှုသည် နိုင်ငံရေးအယူအဆ၊ လူမျိုးရေး၊ လူမျိုးနွယ်စု၊ ဘာသာရေးနှင့် အမျိုးသားအမျိုးသမီး (Gender)ကွဲပြားမှု ပေါ်မူတည်၍တည်ဆောက်ထားခြင်းဖြစ်သည်။ မဲအများဆုံးရသူအနိုင်ရသည့်စနစ်တွင်လူနည်းစုများအတွက် ကိုယ်စားပြုမှု ရရှိရန် သေချာအောင် ပြုလုပ်နိုင်သည်။ ထိုသို့ပြုလုပ်ရာတွင် ကိုယ်စားလှယ်များ၏ ကိုယ်ပိုင်ရပ်တည်ခွင့်နှင့် တာဝန်ခံမှုကို ထိခိုက်စရာမလိုပေ။ မဲအများဆုံးရသူအနိုင်ရသည့်စနစ်တွင် ကိုယ်စားလှယ်များသည် ပါတီကိုငဲ့စရာမလိုဘဲမိမိ၏ မဲဆန္ဒနယ်ကိုကိုယ်စားပြုခွင့်ရှိသည်။
ဒီမိုကရက်တိုက်ဇေးရှင်းသည် ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဖြစ်ရပ်တစ်ခုမဟုတ်ပေ။ ဒီမိုကရေစီတိုးတက်မှုဖြစ်စဉ်တွင်မတူညီသောအဆင့်များတွင် မတူညီသောရွေးကောက်ပွဲစနစ်များလိုကောင်းလိုလိမ့်မည်။ ပို၍သင့်တော်ကောင်းသင့်တော်ပါလိမ့်မည်။ PRစနစ်သည် ဖွံ့ဖြိုးပြီးဒီမိုကရေစီနိုင်ငံများအတွက် ပိုသင့်တော်ပြီး၊ ဖွံ့ဖြိုးဆဲဒီမိုကရေစီနိုင်ငံများအတွက် သိပ်မသင့်တော်လှပေ။
ကိုယ်စားလှယ်တစ်ဦးပါသောမဲဆန္ဒနယ် (SMD)နှင့် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု SMD သည် စတင်ဖွံ့ဖြိုးစဒီမိုကရေစီနိုင်ငံများအတွက် ပိုမိုသင့်တော် နိုင်သည်။ အဘယ်ကြောင့်ဆိုသော် တခြားသောရွေးကောက်ပွဲစနစ်များထက် နားလည်ရန် ပိုလွယ်ကူသည်။ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို ပိုမိုတိုးတက်စေသည်။ ထိရောက်သောယှဉ်ပြိုင်မှုအတွက် အရင်းအမြစ်အနည်းအကျဉ်းသာလိုအပ်သည်။ ဒီမိုကရက်တစ်ပါတီများဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုသော ၀န်းကျင်တစ်ခုကို ဖန်တီးပေးထားသည်။
အနှစ်ချုပ် ရွေးကောက်ပွဲစနစ်ရွေးချယ်မှုသည် ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုအတွက် သိသာသောသက်ရောက်မှုရှိသည်။ ထိုသို့သောရွေးကောက်ပွဲစနစ်ရွေးချယ်မှုကိုနိုင်ငံသားများနှင့်ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးပြီးမှသာလျှင် သင့်တော်သောရွေးကောက်ပွဲစနစ်တစ်ခုကိုရွေးချယ်သင့်သည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့်လည်းရွေးကောက်ပွဲစနစ်တစ်ခုကိုအားပေးပြောဆိုခြင်းထက် ရွေးကောက်ပွဲစနစ်တစ်ခုရွေးချယ်ရာတွင် ပြည်သူတစ်ရပ်လုံးပါဝင်နိုင်မှုကိုအားပေးပြောဆိုသင့်သည်။