1 / 9

ကျွန်ုပ်တို့ ၏ မေတ္တာတော်ရှင် ကောင်းကင်ဘုံအဖ

ကျွန်ုပ်တို့ ၏ မေတ္တာတော်ရှင် ကောင်းကင်ဘုံအဖ. သင်ခန်းစာ ၁၊ ဇူလှိုင် ၁၅၊ ၂၀၁၄. ကျွန်ုပ်၏ ကောင်းကင်ဘုံရှင်အဖ.

dacey-potts
Download Presentation

ကျွန်ုပ်တို့ ၏ မေတ္တာတော်ရှင် ကောင်းကင်ဘုံအဖ

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ကျွန်ုပ်တို့၏မေတ္တာတော်ရှင်ကောင်းကင်ဘုံအဖကျွန်ုပ်တို့၏မေတ္တာတော်ရှင်ကောင်းကင်ဘုံအဖ သင်ခန်းစာ ၁၊ ဇူလှိုင် ၁၅၊ ၂၀၁၄

  2. ကျွန်ုပ်၏ကောင်းကင်ဘုံရှင်အဖကျွန်ုပ်၏ကောင်းကင်ဘုံရှင်အဖ “သို့ရာတွင် အိုထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်တို့အဘဖြစ်တော်မူ၏။ အကျွန်ုပ်တို့သည် အိုးမြေဖြစ်ပါ၏။ ကိုယ်တော်သည်အကျွန်ုပ်တို့၏အိုးထိန်းဖြစ်တော်မူ၏။ အကျွန်ုပ်ရှိသမျှသည် လက်တော်နှင့်ဖန်ဆင်းသောအရာဖြစ်ပါ၏။” ဟေရှာယ ၆၄း၈။ “အဖ” ဟုခေါ်ဆိုခြင်းနည်းနေသော်လည်းဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏စာရိတ္တတော် အကြောင်းများစွာဖော်ပြထားပါသည်။ ယေရှုကဘုရားသခင်၏စာရိတ္တ တော်ကိုရှင်းလင်းပြီးနောက် သူ့ကို “ကောင်းကင်ဘုံရှင်အဖ” ဟုခေါ်ရန်သင်ပေးခဲ့သည်။မဿဲ ၆း၁၄။ ကောင်းကင်ဘုံ သူသည်ကောင်းကင်ဘုံ၌ရှိတော်မူ၏။ ထိုအရပ်တွင်အထောင်အသောင်းသောကောင်းကင်တမန်များကသူ့ကိုကိုးကွယ်ကြ၏။ ကျွန်ုပ် တို့လည်းသူ့ကိုရိုသေကြရမည်၊ ကြည်ညိုကြရမည်၊ ချီးမွမ်း ကြရမည်။ ဗျာ ၅း၁၃၊ အဖခမည်းတော် နီးတော်မူသောဘုရား။ ကျွန်ုပ်တို့ကိုချစ်၍၊ စောင့် ရှောက်၍၊ ဂရုစိုက်ပါသည်။ မဿဲ ၇း၉-၁၁

  3. “ခရစ်တော်ကလူသားများကိုစင်္ကြ၀ဠာ၏အမြင့် ဆုံးသောအုပ်ချုပ်သူ(ဘုရားရှင်)အားနာမည်အသစ် “ကျွန်ုပ်တို့၏အဖ” ဟုခေါ်စေခဲ့သည်။ ဤနာမက ကျွန်ုပ်တို့အားသူ၏စစ်မှန်သောဆက်ဆံမှုကိုပြပြီး၊ လူသားများအနေဖြင့်ရိုးသားစွာ(ထိုနာမကို)မွတ်ဆိုသောအခါ၊ နားတော်ထဲတွင်တေးသံကဲ့သို့ချို၏။ ခရစ်တော်သည် ဘုရားသခင်၏ပလ္လင်တော်ဆီသို့ ဆန်းသစ်ပြီး၊ရှင်သန်သောနည်းဖြင့်ဦးဆောင်သွားကာ၊ ကျွန်ုပ်တို့အထဲတွင် သူ့ဖခင်၏အချစ်ဖြင့်တည် ရှိစေသည်။” E.G.W. (The Review and Herald, September 11, 1894)

  4. ကျွန်ုပ်အဖကိုသိကျွမ်းခြင်းကျွန်ုပ်အဖကိုသိကျွမ်းခြင်း “ထာဝရအသက်ဟူမူကား၊မှန်သောဘုရားသခင်တဆူတည်း ဖြစ်တော်မူသောကိုယ်တော်ကို၎င်း၊ စေလွတ်တော်မူသောယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။” ယောဟန် ၁၇း၃ ယေရမိ ၉း၂၃၊၂၄ အရဘုရားအကြောင်းမည်သည့်အရာကိုသိရမည်နည်း။? “ ချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း နှင့် ဖြောင့်မတ်ခြင်း” တို့ကိုဘုရားသခင်ပြု တော်မူ၍ထိုအရာတို့၌မွေ့လျော်တော်မူ၏။ယေ၉း၂၄။ အဖခမည်းတော်၏စာရိတ္တအမှန်ကိုသိလိုပါကသူ့သားတော်၏အသက်တာကိုလေ့လာခြင်းဖြင့် သိနိုင်မည်ဖြစ်သည်။ “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။” ယော ၁၄း၉။ “ခရစ်တော်ကစာတန်၏မှားယွင်သည့်ကိုယ်စား ပြုမှုများကိုလှည်းထုတ်လိုက်ရန်ကြိုးပန်းမှုများပြု လုပ်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ချစ်ခြင်း၌ တည်ကြည်စိတ်ချခြင်းပြန်ကောင်းလာနိုင်ပေသည်” E.G.W. (The Review and Herald, Septembre 11, 1894)

  5. ကျွန်ုပ်အဖကျွန်ုပ်ကိုချစ်သည်ကျွန်ုပ်အဖကျွန်ုပ်ကိုချစ်သည် ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကိုငါတို့သည်ရမည်အကြောင်း၊ ဘုရားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည်ဘုရားသခင်ကိုမသိသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။ ၁ ယော ၃း၁ ငါတို့အပေါ်အဖခမည်းတော်၏ချစ်ခြင်းမေတ္တာတော်တွင်အကြီးမြတ်ဆုံးသက်သေကားအဘယ်နည်း။ “ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ၊ ဘုရားသခင် သည်မိမိ၌တစ်ပါးတည်းသောသားတော်ကိုစွန့်တော်မူသည်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏။” ယော ၃း၁၆ • အဖဘုရားသခင်သည်သူ့ရဲ့အချစ်ဆုံးလက်ဆောင်ကိုအချစ်အတွက်ပေးခဲ့သည်။ ထိုလက်ဆောင်မှာ၊ တစ်ပါးတည်းသေားသားတော်၏အသက်ပေတည်း။ ခရစ်တော်သည်အဖခမည်းတော်ကကျွန်ုပ် တို့ကိုမည်မျှချစ်ကြောင်းဥပမာအနေဖြင့်၊ ဂရုစိုက်သည့်သိုးထိန်းရှင်၊ဒင်္ဂါးပျောက် သောအမျိုးသမီးနှင့် ပျောက်သောသားကိုပြန်ရသောဖခင်နှင့်နှိုင်းယှဉ်ထားသည်။ လုကာ ၁၅

  6. ကျွန်ုပ်အဖကျွန်ုပ်ကိုဂရုစိုက်သည်ကျွန်ုပ်အဖကျွန်ုပ်ကိုဂရုစိုက်သည် ထို့ကြောင့်အဘယ်သို့စားသောက်ရအံ့နည်း၊ အဘယ်သို့ဝတ်ရအံ့နည်းဟူ၍မစိုး ရိမ်ကြနှင့်။ ထိုအရာများကိုသာသနာပလူတို့သည်ရှာဖွေတတ်ကြ၏။ ထိုအရာများကိုသင်တို့သည်အသုံးလိုကြောင်းကိုကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်သိတော်မူ၏။” မဿဲ ၆း၃၁၊၃၂။ အဖခမည်းတော်၏ချစ်ခြင်းသည် မပြောင်းမလဲ၊ အခြေအနေပေါ် လည်းမမူတည်ပါ။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံရှင်အဖသည် နည်းလမ်းမျိုးစုံဖြင့် ကျွန်ုပ်တို့၏လိုအပ်ချက်များကိုဂရုစိုက်ရန်အဆင်သင့်အမြဲရှိနေသည်။ • ကျွန်ုပ်တို့၏လိုအပ်မှုများအတွက်အလွန်အမင်းအပြင်းအထန်မကြိုးစားရန် အဖဘုရားဖိတ်ခေါ်နေသည့်အကြောင်းမှာသူ့အနေဖြင့်အ ပြည့်အစုံထောက်ပံ့ရန်ဆန္ဒရှိသည်။

  7. “ကျွန်ုပ်တို့၏ယုံကြည်စိတ်ချမှုနှင့်လိုချင်သောအရာများကိုဖော် ပြမည့်သူတစ်ဦးကဲ့သို့ ခရစ်တော်သည်အဖခမည်းတော်ထံတောင်းဆိုပေးသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ကိုကြောက် ရွံ့ပြီး၊ သူ၏ဘုန်းတန်ခိုးနှင့်သြဇာညောင်းမှုလွမ်းမိုးသောအခါ၊ ဘုရားသခင်ကခရစ်တော်အားသူ၏ကိုယ်စားလှယ်အဖြစ် ကျွန်ုပ်တို့ကိုညွန်ပြပေးသည်။ ခရစ်တော်၌သင်တွေ့ရသောနူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း နှင့်ချစ်ခြင်းသည်အဖခမည်းတော်၏ဂုဏ်ရည်များရောင်ပြန်ဟပ်ခြင်းဖြစ်သည်။ ကရာနီ၏ လက်ဝါးကပ်တိုင်သည် ဘုရားသခင်၏ချစ်ခြင်းကိုလူသားများအားဖော်ပြပေးခြင်းဖြစ်သည်။ ခရစ်တော်သည်ချစ်ခြင်းမေတ္တာဘုရားအနေဖြင့်စင်္ကြာဝဠာ၏အချုပ်အခြာရှင်ဟုကိုယ်စားပြုပါသည်။ ပရောဖက်နှုတ်ဖြင့်ခရစ်တော်မိန့်တော်မူသည်မှာ- ‘ထာဝရဘုရားသည်အဝေးကထင်ရှား၍မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ထာဝရမေတ္တာနှင့်သင့်ကိုငါချစ်၏။ ထို့ကြောင့်၊ ကရုဏာကျေးဇူးကိုသင်၌ကြာမြင့်စွာပြ၏။”ယေရမိ ၃၁း၃။ E.G.W. (In Heavenly Places, January 12)

  8. ကျွန်ုပ်၏ကောင်းကင်ဘုံမိသားစုကျွန်ုပ်၏ကောင်းကင်ဘုံမိသားစု “အပြစ်ကင်းသောကိုယ်တော်ကို၊ ထာဝရ၀ိညာဉ်တော်အားဖြင့်၊ ဘုရားသခင်ရှေ့၌တင်လှူပူဇော် သောခရစ်တော်၏အသွေးသည်၊ သေခြင်းနှင့်စပ်ဆိုင်သောအကျင့်ကိုပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင်ကိုဝတ်ပြုမည်အကြောင်း၊ သင်တို့၌ကိုယ်ကိုကိုယ်သိသောစိတ်ကိုစင်ကြယ်စေခြင်းငှါ၊ သာ၍တတ်နိုင်တော်မူမည်မဟုတ်လော။” ဟေဗြဲ ၉း၁၄ ယေရှုကခမည်းတော်၊ သားတော်၊ နှင့် သန့်ရှင်းသောဝိညာဉ်တော်ဟူသော သုံးပါးပေါင်းတဆူဖြစ်ကြောင်းသွန်သင်တော်မူသည်။ ကယ်တင်ခြင်းစီမံကိန်း၏ကဏ္ဍအသီး သီးတွင်တပါးစီပါဝင်ကြသည်။ အတူတကွဆောင်ရွက်မှုများကို- ခရစ်တော်မွေးဖွားချိန်- (လု ၁း၂၆-၃၅)နှစ်ခြင်းခံချိန်-( လု ၃း၂၁-၂၂) နှင့်ကားတိုင်ပေါ်အသေခံချိန်- (ဟေ ၉း၁၄) တွေ့ရသည်။ သုံးပါးတဆူဟုဆိုသကဲ့သို့ သူတို့တွင်လုံးဝညီညွတ်မှုနှင့်အတူတကွ ဆောင်ရွက်ခြင်းရှိကြောင်းကိုခရစ်တော်ရှင်းပြခဲ့သည်။ထို့ကြောင့်တပါးနှင့်တပါးဘုန်းထင်ရှားစေကြသည်။

  9. “ဘုရားနှင့်ပဋိညာဉ်ပြုခြင်းအမှု အမှန်တကယ်ပြုသောသူကိုအနန္တတန်ခိုးနှင့်ပြည့်စုံ၍ခပ်သိမ်းသောအရာတို့ကိုသိတော်မူထသော၊ ခမည်းတော်၊ သားတော်၊ နှင့် သန့် ရှင်းသောဝိညာဉ်တော်ကလက်ခံသည်။ သူတို့သည်နှစ်ခြင်းမင်္ဂလာခံရာတိုင်း၌ရှိပြီး၊ခရစ်တော်ကိုမိမိ၏၀ိညာဉ်ဗိမာန်တော်ထဲလက်ခံပြီးသူ၊ကမ္ဘာကိုကြေငြာပြီးသူဖြစ် သည့်နှစ်ခြင်းမင်္ဂလာကိုယူရန်ဆုံးဖြတ် သောသူကိုလက်ခံရန်ရှိသည်။ ထိုသို့သောသူတို့သည်ဘုရားသခင်၏မိသားစုထဲဝင် ပြီးပြီဖြစ်၍၊သူတို့၏နာမများကိုသိုးသူငယ်၏အသက်စာစောင်တွင်ကမျည်းထိုးထား ပြီးဖြစ်သည်။” E.G.W. (SDA BibleCommentary, onRomans 6:4)

More Related