180 likes | 317 Views
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်. မိမိ တို့  ဘာတွေသိထားသလဲ.ြ မန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် (MNHRC) ကို ၂၀၁၁ ခု စက်တင်ဘာ ၅ ရက် နေ့စွဲပါြ ပည်ထောင်စုအစိုးရ အမိန့် ကြော်ြ ငာစာ အမှတ် ၃၄/၂၀၁၁ြ ဖင့် ထူထောင်ခဲ့သည်။. မိမိတို့  ဘာတွေသိထားသလဲ.
E N D
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
မိမိတို့ ဘာတွေသိထားသလဲ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ၂၀၁၁ ခုစက်တင်ဘာ ၅ ရက် နေ့စွဲပါ ပြည်ထောင်စုအစိုးရအမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ ဖြင့် ထူထောင်ခဲ့သည်။
မိမိတို့ ဘာတွေသိထားသလဲ ပြည်ထောင်စုအစိုးရအမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၁ အရMNHRC အဖွဲ့ဝင်များမှာ-- • ဦးဝင်းမရ၊ ဥက္ကဌ၊ သံအမတ်ကြီး (ငြိမ်း) • ဦးကျော်တင့်ဆွေ၊ ဒုဥက္ကဌ၊ သံအမတ်ကြီး (ငြိမ်း) • ဦးထွန်းအောင်ချိန်၊ အဖွဲ့ဝင်၊ ပါမောက္ခ (ငြိမ်း)၊ သမိုင်းဌာန • ဦးလှမြင့်၊ အဖွဲ့ဝင်၊ သံအမတ်ကြီး (ငြိမ်း) • ဦးသန်းဆွေ၊ အဖွဲ့ဝင်၊ ညွှန်ချုပ် (ငြိမ်း)၊ သစ်တောဌာန • ဒေါက်တာဉာဏ်ဇော်၊ အဖွဲ့ဝင်၊ ပြည်နယ်ဆရာဝန်ကြီး (ငြိမ်း) • ဒေါက်တာဒေါ်သန်းနွဲ့၊ အဖွဲ့ဝင်၊ ပါမောက္ခ (ငြိမ်း)၊ ဥပဒေဌာန • ဒေါ်စောခင်ကြီး၊ အဖွဲ့ဝင်၊ ပါမောက္ခ (ငြိမ်း)၊ နိုင်ငံတကာဆက်ဆံရေးဌာန • ဦးတင်ညို၊ အဖွဲ့ဝင်၊ ညွှန်ချုပ် (ငြိမ်း)၊ အခြေခံညာဦးစီးဌာန • ဦးခွထီးယိုး၊ အဖွဲ့ဝင်၊ ပြည်နယ်ဥပဒေအရာရှိ (ငြိမ်း) • ဦးခင်မောင်လေး၊ အဖွဲ့ဝင်၊ ညွှန်မှူး (ငြိမ်း)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန • ဦးလဖိုင်ဇော်ဂွန်း၊ အဖွဲ့ဝင်၊ သံမှူးကြီး (ငြိမ်း) • ဦးညွန့်ဆွေ၊ အဖွဲ့ဝင်၊ လက်ထောက်ညွှန်ချုပ် (ငြိမ်း)၊ နိုင်ငံခြားရေးဝန်ကြီးဌာန • ဒေါ်စန်းစန်း၊ အဖွဲ့ဝင်၊ ညွှန်မှူး (ငြိမ်း)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန • ဦးစစ်မြိုင်၊ အတွင်းရေးမှူး၊ ညွှန်ချုပ် (ငြိမ်း)၊ လူမှုဝန်ထမ်းဦးစီးဌာန
မိမိတို့ ဘာတွေသိထားသလဲ MNHRC၏ တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များမှာအောက်ပါအတိုင်း ဖြစ်သည် (MNHRC ၏ပေးစာအရ) -- • ပြည်ထောင်စုသမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ ၏ မူလအခွင့်အရေးကိုဖောက်ဖျက်ခံရကြောင်းတိုင်ကြားစာအားလက်ခံခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် စစ်ဆေးတွေ့ရှိချက်များကိုဆက်လက်အရေးယူဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်းပေးခြင်း၊ • နိုင်ငံသားများ၏ မူလအခွင့်အရေးကို ချိုးဖောက်ခံရကြောင်းသတင်းအချက် အလက်ရရှိပါကယင်းအချက်အလက်များမှန်ကန်ခြင်းရှိမရှိစုံစမ်းစစ်ဆေးခြင်း နှင့် စစ်ဆေးတွေ့ရှိချက်များကိုဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် သက် ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းသို့ လွှဲပြောင်းပေးခြင်း၊ • မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ်ပါဝင်ထားသောလူ့အခွင့်အရေးဆိုင်ရာအပြည် ပြည်ဆိုင်ရာစာချုပ်စာတမ်းများပါ အခွင့်အရေးများကိုအပြည့်အဝခံစားနိုင်ခြင်းရှိမရှိစိစစ်ခြင်းနှင့် မြန်မာနိုင်ငံကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်းများသို့ တင်သွင်းမည့်အစီရင်ခံစာများအပေါ် အကြံဉာဏ်ပေးခြင်း၊
မိမိတို့ ဘာတွေသိထားသလဲ • မြန်မာနိုင်ငံကအဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းမပြုရသေးသောအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ်စာတမ်းများတွင် မြန်မာနိုင်ငံပါဝင်ရန် သင့်မသင့် စိစစ် ၍ အကြံပြုချက်နှင့်အတူတင်ပြခြင်း၊ • လူ့အခွင့်အရေးမြှင့်တင်ရေး၊ ကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်နေသောကုလသမဂ္ဂအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမိတ်ဖက်အဖွဲ့အစည်းများ နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ • လူ့အခွင့်အရေးဆိုင်ရာအရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဘာသာရပ်ဆိုင်ရာအကူအညီပေးခြင်း၊ • လူ့အခွင့်အရေးမြှင့်တင်ရေးကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍ ပြည်သူတို့၏ အသိပညာအဆင့်အတန်းကို မြှင့်တင်ပေးသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးဆောင်ခြင်း၊ အကူအညီပေးခြင်း၊ • လူ့အခွင့်အရေးမြှင့်တင်ရေးကာကွယ်ရေးတို့နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမတ က အခါအားလျော်စွာပေးအပ်သောလုပ်ငန်းတာဝန်များကိုဆောင်ရွက်ခြင်း၊
မိမိတို့ ဘာတွေသိထားသလဲ • မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မိမိ၏ဆောင်ရွက်ချက် များနှင့် လူ့အခွင့်အရေးတိုးတက်ဖြစ်ပေါ်မှုများဆိုင်ရာ နှစ်စဉ်အစီရင်ခံစာတို့ကို နိုင်ငံတော်သမတထံတိုက်ရိုက်အစီရင်ခံရမည်။ • မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာ၌ သက်ဆိုင်သူများကိုခေါ်ယူစစ်ဆေးမေးမြန်းနိုင်သည်။ နိုင်ငံတော်၏လိုအပ်ချက်အရအထူးကန့်သတ်ချက်မှအပသက်ဆိုင်သည့် စာရွက် စာတမ်းများအားတောင်းခေါ်ကြည့်ရှုနိုင်သည်။ အခင်းဖြစ်အရပ်သို့ သွားရောက် ကြည့်ရှုစစ်ဆေးနိုင်သည်။ • အမိန့်ကြော်ငြာစာအရပေးအပ်ထားသောတာဝန်နှင့် လုပ်ပိုင်ခွင့်များကိုသဘော ရိုးဖြင့် ဆောင်ရွက်မှုများအတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် သို့မဟုတ် ကော်မရှင်ကတာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရသော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်းတရားစွဲဆိုခြင်းမရှိစေရ။ • ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ သက်တမ်းသည် နိုင်ငံတော်သမတ၏ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီးသက်တမ်းနှစ်ကြိမ်အထိတာဝန်ထမ်းဆောင်ခွင့် ရှိသည်။
MNHRC ကို ပါရီမူများနှင့် ကိုက်ညီမှု ရှိမရှိ အကဲဖြတ်ခြင်း • ကော်မရှင်၏ လုပ်ထုံးလုပ်နည်း၊ အခွင့်အာဏာနှင့် တာဝန်ဝတ္တ ရားများအကြောင်းအများပြည်သူသို့၊ အထူးသဖြင့် လူ့အခွင့် အရေးချိုးဖောက်ခံရသူများသို့ တရားဝင်ထုတ်ပြန်ခြင်းမရှိ • NHRC တည်ထောင်သည့် ဖြစ်စဉ်တခုလုံးမှာပွင့်လင်းမြင်သာမှုမရှိ • ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် MNHRC အကြောင်းအချက်အလက် အနည်းငယ်သာသိရခြင်းတို့သည် ပါရီမူများကိုဖောက်ဖျက်နေသည် • သို့ဖြစ်၍ MNHRC ကိုအကဲဖြတ်ရာတွင် ရနိုင်သမျှအချက်အလက် အနည်းအကျဉ်းအပေါ်၌သာအကဲဖြတ်နိုင်ပြီးယင်းအချက်အလက် လောက်နှင့်ပင် ကောက်ချက်ချနိုင်သည်မှာကော်မရှင်သည် လွတ်လပ် မှုမရှိ၊ ထိရောက်မှုမရှိ၊ ပါရီမူများနှင့် မကိုက်ညီ
MNHRC ၏ အခွင့်အာဏာ NHRC တခု၏အခွင့်အာဏာကို အခြေခံဥပဒေ သို့မဟုတ် ဥပဒေပြုမှုဖြင့် သတ် မှတ်ရမည် • MNHRC ကို အစိုးရအမိန့်ကြော်ငြာစာဖြင့် ထူထောင်ခဲ့သည် • ၎င်း၏အခွင့်အာဏာမှာ ဥပဒေနှင့်ညီသည့် နောက်ခံမရှိဘဲ MNHRC ၏ စာ တစောင်တွင်သာ ဖော်ပြထားသည် အခွင့်အာဏာကို ရှင်းရှင်းလင်းလင်းသတ်မှတ်ရမည်၊ ကျယ်ပြန့်နိုင်သမျှ ကျယ် ပြန့်ရမည်၊ လူ့အခွင့်အရေးစံနှုန်းများအပေါ် အခြေခံရမည် • MNHRC ၏ တမျက်နှာပေးစာတွင် အချက်အလက်အနည်းငယ်သာပါသည် • MNHRC ၏အခွင့်အာဏာမှာ ၂၀၀၈ အခြေခံဥပဒေပေါ် အခြေခံထားပြီး ယင်း အခြေခံဥပဒေကိုယ်၌က မြန်မာပြည်သူတို့၏ အခွင့်အရေးများကို ချိုးဖောက် နေသည် အခွင့်အာဏာသည် လူ့အခွင့်အရေးကို <<ကာကွယ် မြှင့်တင်>> ရမည် • MNHRC ၏အခွင့်အာဏာ၌ လူ့အခွင့်အရေးကို <<ကာကွယ် မြှင့်တင်>> ဖို့ ပြဋ္ဌာန်းမထားပါ
MNHRC ၏တာဝန်များ NHRI များသည် တည်ဆဲဥပဒေများနှင့် ဥပဒေကြမ်းများအပေါ် မှတ်ချက်ချခွင့် ရှိသင့်သည် • MNHRC ၌ ဤတာဝန်မရှိ NHRI များသည် ကြိုတင်ခွင့်ပြုချက်ယူစရာ မလိုဘဲ နိုင်ငံလုံးဆိုင်ရာ လူ့အခွင့်အ ရေးအခြေအနေကို စောင့်ကြည့်လေ့လာနိုင်ခွင့်၊ မိမိ၏အကြံဉာဏ်များကို လွတ် လပ်စွာ ဖြန့်ချီခွင့်ရှိသင့်သည် • MNHRC သည် အကျဉ်းထောင်များသို့ သွားရောက်နိုင်ရန် သမတထံမှ ကြို တင်ခွင့်ပြုချက် လိုအပ်ပြီး အကျဉ်းသားများနှင့် အင်တာဗျူးကို ထောင်အာ ဏာပိုင်များရှေ့တွင် လုပ်ရသည် • MNHRC သည် ရဲနှင့်တပ်မတော်ကဲ့သို့ ပုဂ္ဂလိကနှင့်အစိုးရအဖွဲ့ကြီးများကို စောင့်ကြည့်လေ့လာနိုင်ခြင်း ရှိမရှိ မရှင်းလင်းထား • တိုင်းရင်းသားပဋိပက္ခ သက်ရောက်ရာနယ်မြေများရှိ လူ့အခွင့်အရေးချိုး ဖောက်မှုများကို လေ့လာစောင့်ကြည့်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း ပြုမည် မဟုတ်ဟု MNHRC ဥက္ကဋ္ဌက ကြေညာထားသည်
MNHRC ၏တာဝန်များ NHRI များ၌ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့ကြီးများနှင့် ပူးပေါင်းဆောင်ရွက်ခွင့်အာဏာရှိသင့်သည် NHRI များသည် နိုင်ငံတကာအဖွဲ့ကြီးများသို့ အစိုးရကိုယ်စားအစီရင်ခံစာများမတင်သင့်ဘဲမိမိကိုယ်စားသာတင်သင့်သည် • MNHRC သည် “နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များသို့ တင် သွင်းမည့် မြန်မာနိုင်ငံ၏အစီရင်ခံစာများအပေါ် အကြံပေး” ရန် တာဝန်ရှိသည်
MNHRC ၏တာဝန်များ လူပုဂ္ဂိုလ်တဦးချင်းတို့နှင့် အစုများထံမှ တိုင်ကြားချက်များလက်ခံခြင်း တိုင်ကြားမှုများလက်ခံနိုင်ဖို့ MNHRC ၏စွမ်းရည်နှင့်ပတ်သက်၍ သတင်းအချက်အလက်အများအပြားမသိရပါ၊ ယင်းတို့ကိုအဖွဲ့တည်ထောင်သည့် ဥပဒေတွင် ရှင်းလင်းတိကျစွာဖော်ပြထားသင့်သည် • အရပ်ဖက်လူထုအသင်းအဖွဲ့များက ကျူးလွန်ခံရသူများကိုယ်စားတိုင်ကြား နိုင်သလား • ကျူးလွန်ခံရသူများနှင့် သက်သေများအတွက် ကာကွယ်စောင့်ရှောက်ရေးစနစ်များMNHRC ကချမှတ်ထားသလား • MNHC ၌ ကျူးလွန်ခံရသူများအတွက် လျော်ကြေးပေးရန် ထောက်ခံနိုင် သည့်အာဏာရှိသလား MNHRC သည် မိမိ၏အစီရင်ခံစာများကိုအများပြည်သူအားလုံးသို့ ပေးပို့ သင့်ပြီးယင်းအစီရင်ခံစာများတွင် လက်ခံရရှိတိုင်ကြားချက်၊ စုံစမ်းစစ်ဆေး ပြီးတိုင်ကြားချက်၊ လေ့လာစောင့်ကြည့်ဆဲတိုင်ကြားချက်နှင့် အစိုးရသို့ အကြံပြုချက်များပါဝင်သင့်သည်
ပါဝင်ဖွဲ့စည်းမှု နှင့် အလွှာစုံစနစ် အဖွဲ့ဝင်များခန့်အပ်ခြင်းနှင့် ထုတ်ပယ်ခြင်းအတွက် သတ်မှတ် ချက်များ၊ စည်းကမ်းချက်များမှာပွင့်လင်းမြင်သာပြီးNHRI တည် ထောင်သည့်ဥပဒေတွင် ထည့်သွင်းထားရမည် ခန့်အပ်ခြင်းနည်းလမ်းတွင် လွှတ်တော်ကပါဝင်သင့်ပြီးအရပ်ဖက် လူထုအသင်းအဖွဲ့ ကိုယ်စားလှယ်များကလည်းယင်းဖြစ်စဉ်တွင် ထိရောက်မှုရှိစွာပြောဆိုခွင့်ရဖို့ အာမခံသင့်သည် • MNHRC ၏အဖွဲ့ဝင်များကိုသမတကရွေးချယ်ရာ၌ တိုင်ပင်ညှိ နှိုင်းခြင်းလည်းမရှိ၊ ရွေးချယ်မှုဖြစ်စဉ်နှင့် စံသတ်မှတ်ချက်များပွင့်လင်းမြင်သာမှုလည်းမရှိပေ
ပါဝင်ဖွဲ့စည်းမှု နှင့် အလွှာစုံစနစ် အဖွဲ့ဝင်များသည် မိမိတို့အလုပ်ကိုလုပ်ကိုင်နိုင်ရန် ပညာရှင်အရည်အသွေးနှင့် အတွေ့အကြုံ ရှိသင့်ပြီးဖြောင့်မတ်မှု၊ အစွမ်းအစရှိမှုနှင့် လွတ်လပ် အမှီခိုကင်းမှု နောက်ခံသမိုင်းရှိသင့်သည် NHRI များ၏ ပါဝင်ဖွဲ့စည်းပုံသည် အလွှာစုံစနစ်ကိုထင်ဟပ်သင့်ပြီးလူ့ဘောင်၏ နယ်ပယ်အမျိုးမျိုးမှလူများပါဝင်သင့်သည် • MNHRC အဖွဲ့ဝင် ၁၅ ဦးစလုံးမှာအငြိမ်းစားအစိုးရဝန်ထမ်းများ ဖြစ်သည် • NGO ၊ အလုပ်သမားသမဂ္ဂ စသည်တို့၏ ကိုယ်စားလှယ်များမပါဝင် • ဥက္ကဌ၊ ဒုဥက္ကဌ နှင့် အခြားအဖွဲ့ဝင်များမှာယခင်ကသံအမတ်ကြီးများအဖြစ် ၎င်းတို့၏နေရာမှနေ၍ စစ်အစိုးရကိုလူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များမှ ကာကွယ်ပေးနေခဲ့သည်
ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် လွတ်လပ်မှုဥပဒေကြောင်းနှင့်ညီသောကိုယ်ပိုင်အုပ်ချုပ်မှု အဖွဲ့တခုကိုတည်ထောင်သည့် အခြေခံဥပဒေပြဋ္ဌာန်းချက် သို့မဟုတ် ဥပဒေကယင်းအဖွဲ့ကိုသီးသန့် ဥပဒေကြောင်းရပ်တည်ချက် ရှိစေသင့်သည် • MNHRC ကိုအစိုးရအမိန့်ကြော်ငြာစာဖြင့် တည် ထောင်ခြင်းဖြစ်ပြီးမည်သည့် ဥပဒေကြောင်းရပ်တည် ချက်မှ မရှိပေ
ကိုယ်ပိုင်အုပ်ချုပ်မှု နှင့် လွတ်လပ်မှုလုပ်ငန်းပိုင်းကိုယ်ပိုင်အုပ်ချုပ်မှု NHRI များ၌ မိမိတို့ကိုယ်ပိုင် လုပ်ထုံးလုပ်နည်းစည်းမျဉ်းများရေးဆွဲနိုင်ခွင့် အာဏာရှိရမည်၊ ယင်းစည်းမျဉ်းများကို ပြင်ပအာဏာပိုင်က ပြင်ဆင်နိုင်ခြင်းမရှိစေ ရ • MNHRC ၏ လုပ်ထုံးလုပ်နည်းစည်းမျဉ်းများကိုတရားရေးဌာနကစစ်ဆေးနေပြီးဝန်ကြီးအဖွဲ့၏အတည်ပြုချက်ကိုစောင့်ဆိုင်းနေသည် NHRI များသည် အစိုးရအဖွဲ့ကိုတာဝန်မခံရဘဲအုပ်ချုပ်ရေးကဏ္ဍ မဟုတ်သောအာဏာပိုင်၊ အများဆုံးဖြစ်လေ့ရှိသည်မှာဥပဒေပြုကဏ္ဍသို့ တာဝန်ခံရမည် • MNHRC “သည် မိမိလုပ်ဆောင်ချက်များကိုသမတထံတိုက်ရိုက်အစီရင်ခံရမည်” NHRI များသည် အစိုးရထံမှ ညွှန်ကြားချက်များမခံယူဘဲမိမိကိုယ်ပိုင်ရှေ့ဆောင် မှုဖြင့် လူ့အခွင့်အရေးအခြေအနေကိုစုံစမ်းစစ်ဆေးလေ့လာစောင့်ကြည့် သင့်သည် • MNHRC သည် “နိုင်ငံတော်သမတကအပ်နှင်းသည့်တာဝန်များကိုထမ်းဆောင်ရမည်။”
ကိုယ်ပိုင်အုပ်ချုပ်မှု နှင့် လွတ်လပ်မှုဘဏ္ဍာရေးကိုယ်ပိုင်အုပ်ချုပ်မှု NHRI တခုသည် မိမိ၏ဘဏ္ဍာရေးအပေါ်တွင်လည်းကောင်း၊ ဘဏ္ဍာသုံးစွဲမှုအပေါ်တွင်လည်းကောင်း ချုပ်ကိုင်နိုင်ရမည် NHRI အနေဖြင့် မိမိ၏အခွင့်အာဏာကိုကျင့်သုံးနိုင်ရန် ရံပုံငွေ အလုံအလောက်ရှိရမည် လွှတ်တော်ကဘတ်ဂျက်ကိုအတည်ပြုပေးရမည် • MNHRC ၏ ဘဏ္ဍာရေးနှင့်ပတ်သက်၍ မည်သည့်အချက် အလက်မှ မသိရပေ
နိဂုံး • MNHRC နှင့်ပတ်သက်၍ သိရှိရသည့် အချက်အလက်အနည်းငယ် အရ ၎င်းမှာလွတ်လပ်ပြီးထိရောက်သည့်ဌာနမဟုတ်ကြောင်းနှင့် ပါရီမူများနှင့် မကိုက်ညီကြောင်းကောက်ချက်ချဖို့ လုံလောက် သည် • MNHRC သည် မိမိ၏အခွင့်အာဏာ၊ လုပ်ထုံးလုပ်နည်းနှင့် တာဝန်ဝတ္တရားများကိုအများပြည်သူသိအောင်၊ အထူးသဖြင့် လူ့ အခွင့်အရေးချိုးဖောက်ခံရသူများသိအောင် ဖြန့်ချီဖို့လိုသည်