1 / 10

ဆီမီးခုံတို့ ၏ အလယ်၌

ဆီမီးခုံတို့ ၏ အလယ်၌. သင်ခန်းစာ ၂။ ဇန်န၀ါရီလ ၁၂။ ၂၀၁၉. ဗျာဒိတ်ကျမ်းသည် အာရှမိုင်းနား ( တူရကီ ) ရှိအသင်းတော် ခု နှ စ်ပါးထံသို့အိတ်ဖွင့် ပေးစာဖြင့် အစပြုထားသည်။ စာပို့  သမားသည်လည်း စာကိုအသင်းတော် အစဉ်အလိုက် ပေးပို့သည်။

bloftis
Download Presentation

ဆီမီးခုံတို့ ၏ အလယ်၌

An Image/Link below is provided (as is) to download presentation Download Policy: Content on the Website is provided to you AS IS for your information and personal use and may not be sold / licensed / shared on other websites without getting consent from its author. Content is provided to you AS IS for your information and personal use only. Download presentation by click this link. While downloading, if for some reason you are not able to download a presentation, the publisher may have deleted the file from their server. During download, if you can't get a presentation, the file might be deleted by the publisher.

E N D

Presentation Transcript


  1. ဆီမီးခုံတို့၏ အလယ်၌ သင်ခန်းစာ ၂။ ဇန်န၀ါရီလ ၁၂။ ၂၀၁၉

  2. ဗျာဒိတ်ကျမ်းသည် အာရှမိုင်းနား (တူရကီ) ရှိအသင်းတော် ခုနှစ်ပါးထံသို့အိတ်ဖွင့်ပေးစာဖြင့်အစပြုထားသည်။ စာပို့ သမားသည်လည်းစာကိုအသင်းတော် အစဉ်အလိုက် ပေးပို့သည်။ ယေရှုခရစ်တော်သည်ယောဟန်အားဤစာစောင်ကိုရေးသားရန်စေခိုင်းသည်။ စာထဲတွင်ရှိသောအသေးစိတ်အကြောင်းအရာများအားလုံးတွင်အဓိပ္ပါယ်ရှိပြီးအသင်းတော် တစ်ခုချင်းစီအတွက် ပုံစံနှင့်သတင်းစကားပါရှိသည်။ ထိုစာစောင်ကိုရေးသားပြီးနောက် နှစ်ပေါင်း ၂၀၀၀ နီးပါးရှိနေပြီဖြစ်သော်လည်းယနေ့ကျွန်ုပ်တို့အတွက်လည်းအထူးအဓိပ္ပါယ်ရှိနေဆဲဖြစ်သည်။ Pergamos Thyatira AEGEAN SEA Sardis Smyrna Philadelphia Patmos Ephesus Laodicea ယောဟန်ထံသို့ခရစ်တော်၏ဗျာဒိတ် (ဗျာ ၁း၉-၁၈) မည်သည့်နေရာ-ပတ်မုကျွန်း (၁း၉) မည်သည့်နေ့-သခင်ဘုရားနေ့(၁း၁၀) မည်သို့-အမြင့်ဆုံးသောယဇ်ပုရောဟိတ်ကဲ့သို့ (၁း၁၂-၁၈) အသင်းတော်ခုနှစ်ပါးထံသို့ပေးစာ (ဗျာ ၁း၁၁၊ ၁၉-၂၀၊ ၂း၁-၇) မည်ကဲ့သို့အဓိပ္ပါယ်ဖွင့်သနည်း (၁း၁၁၊ ၁၉-၂၀) ဧဖက်အသင်းတော်ထံသို့သတင်းစကား (၂း၁-၇)

  3. “ယေရှုခရစ်၏ဆင်းရဲခြင်းဒုက္ခမှစ၍နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံတော်မူခြင်းကိုလည်းကောင်း၊ သင်တို့နှင့်အတူဆက်ဆံသောအဘော်အဘက် သင်တို့အစ်ကိုငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ယေရှုခရစ်၏သက်သေခံတော် မူချက်ကြောင့် ပတ်မုကျွန်းမှာနေရစဉ်တွင်”(ဗျာ ၁း၉) ပတ်မုကျွန်း သစ္စာရှိသောသက်သေခံအဖြစ်ဆင်းရဲဒုက္ခခံနေစဉ်တွင် ခရစ်တော်သည်ကျွန်ုပ်တို့နှင့်အမြဲအတူရှိနေသည်မှာသေချာသည်။

  4. သခင်ဘုရားနေ့ “သခင်ဘုရားနေ့၌၀ိညာဉ်တော်ကိုခံရ၍တံပိုးခရာအသံကဲ့သို့ ငါ့နောက်၌ မြည်သောအသံကြီးကိုကြား၏။”(ဗျာဒိတ် ၁း၁၀) “သခင်ဘုရားနေ့” ကိုမည်ကဲ့သို့အဓိပ္ပါယ်ဖွင့်ဆိုမည်နည်း?

  5. ယေရှုခရစ်တော်၏ရူပါရုံ “ထိုသူကိုငါမြင်သောအခါ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကိုငါ့အပေါ်သို့တင်လျက်ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။”(ဗျာဒိတ် ၁း၁၇) ဗျာဒိတ် ၁ တွင် ခရစ်တော်၏ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကားဘယ်ကဲ့သို့နည်း? ယောဟန်နှင့်ဒံယေလမှာယေရှုခရစ်တော်သည်အမြင့်ဆုံးသောယဇ်ပုရော ဟိတ်တစ်ပါးကဲ့သို့ဝတ်ရုံကိုဝတ်ဆင်ထားခဲ့သည်ကိုတွေ့ခဲ့သည်။

  6. ယေရှုခရစ်တော်၏ရူပါရုံ “ထိုသူကိုငါမြင်သောအခါ သေမတတ်ဖြစ်၍ခြေတော်ရင်း၌လဲလျက်နေ၏။ ထိုသူသည် လက်ျာလက်တော်ကိုငါ့အပေါ်သို့တင်လျက် ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည်အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။”(ဗျာဒိတ် ၁း၁၇) ယောဟန်သည်ခရစ်တော်အားအသင်းတော် ခုနှစ်ပါးကို (၁း၂၀) ပုံဆောင်သည့်ဆီမီးခုံခုနှစ်ခု ကြား၌လမ်းလျှောက်နေသည်ကိုတွေ့ရှိခဲ့သည်။ အသင်းတော်တစ်ပါးချင်းစီသို့ပေးသောသတင်းစကား၏အစသည်“သင့်အလုပ်များကိုငါသိသည်”နှင့်စတင်သည် (၂း၂၊၉၊၁၃၊၁၉၊၃း၁၊၈၊၁၅)။ ခရစ်တော်သည်သူ၏လူအကြားတွင်အမြဲရှိသည်။ သူသည်သူ၏လူများကိုသိပြီးကျွန်ုပ်တို့တစ်ဦးချင်းစီကိုသူသိသည်။ သူသည်ကြီးမြတ်ခြင်း၊ တန်ခိုးအာနုဘော်နှင့် ပြည့်စုံသော်လည်းသူ၏ရှိနေခြင်းကိုကျွန်ုပ်တို့ ကြောက်စရာမလိုပေ။ သူသည်သေသောသူနှင့်ရှင်ပြန်ထမြောက်သောသူဖြစ် သည်။ သူ့တွင်သေခြင်းတရား၏သော့များရှိသည်။ သေခြင်းတရားအပေါ်တွင်အောင်နိုင်သောတန်ခိုးရှိပြီးအသက်ရှင်သောသတ္တ၀ါများကိုသူဂရုစိုက်သည်။

  7. အသင်းတော်ခုနှစ်ပါးထံသို့ပေးစာအသင်းတော်ခုနှစ်ပါးထံသို့ပေးစာ “မြည်သောအချက်ဟူမူကားသင်သည်မြင်သောအရာကိုစာစောင် ၌ရေးထား၍ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက်လော့ဟုဆိုသတည်း။” (ဗျာဒိတ် ၁း၁၁) အာရှတွင်ရှိသောအသင်းတော်ခုနှစ်ပါးထံသို့ပေးစာကို ခြားနားမှုသုံးရပ်၊ ထပ်မံဖြည့်စွက်ချက်အနေနှင့် အဓိပ္ပါယ်ဖွင့်ဆိုနိုင်သည် (၁း၁၉)။ • ထိုအချိန် (သမိုင်းရာဇ၀င်) • ယောဟန်လက်ထက်အာရှမိုင်းနား၏ မြို့ခုနှစ်မြို့ရှိအသင်းတော်အစည်းဝေး တိုင်းထံသို့ခရစ်တော်မှပေးသောသတင်းစကား။ • အနာဂတ် ပရောဖက်ပြုချက် • ယောဟန်လက်ထက်မှသမိုင်းဝင်အ သင်းတော်တစ်ပါးချင်းစီမှ ယနေ့အချိန်အထိပေးသောသတင်းစကား။ စကြာဝဌာလုံးဆိုင်ရာ • ရာဇ၀င်သမိုင်း၏အချိန်တိုင်းတွင်ရှိ သောအသင်းတော်များအားလုံးနှင့် ယုံကြည်သူများထံသို့ပေးသောသတင်းစကား။

  8. ဧဖက်အသင်းတော်ထံသို့သတင်းစကားဧဖက်အသင်းတော်ထံသို့သတင်းစကား “ဧဖက်မြို့၌ရှိသောအသင်းတော်၏တမန်ကိုဤသို့ရေး၍မှာလိုက်လော့။ လက်ျာ လက်၌ကြယ်ခုနှစ်လုံးကိုကိုင်၍ရွှေမီးခွက်ခုနှစ်လုံးအလယ်၌သွားလာသောသူ၏ အမိန့်တော်ကားသင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကိုငါသိ၏။”(ဗျာဒိတ် ၂း၁) ဧဖက်သည်အာရှတွင်အလွန်မှပင်အရေးကြီးသော မြို့ဖြစ်သည်။ အကျင့်ယိုယွင်းခြင်းနှင့်စုန်းအတတ်ဖြင့် ပြည့်ဝသောထိုမြို့တွင်ယောဟန်သည်သိက္ခာတော်ရတစ်ပါးဖြစ်ခဲ့သည် (တမန် ၁၉း၁၉)။ ထိုညစ်ညမ်းနေသောပတ်ဝန်ကျင်းတွင်အသင်းတော် သည်မြဲမြံတည်ကြည့်စွာဖြင့်တည်ရှိနေခဲ့သည်။ သို့ သော်ငြားလည်းဣသရေလလူများပြုခဲ့သကဲ့သို့ သူတို့၏အချစ်ဦးကိုသူတို့မေ့ခဲ့သည် (ယေရမိ ၂း၂)။ ဤအသင်းတော်သည်ရာစု(၁)၏ခရစ်ယာန်အသင်းတော်ကိုယ်စားပြုသည် (ခန့်မှန်းခြေအေဒီ ၃၁ မှ​ ၁၀၀ အထိ)။ သူတို့၏ပါရမီကိုထိန်းသိမ်းရန်နှင့်အမှားများကိုရှောင်ရှားနိုင် ရန်အတွက် ဘုရားသခင်၏အကြံဥာဏ်ကိုလိုက်နာလိုက်လျှောက်ရန်မှာ- (၁) သင့်ပထမအချစ်ဦးကိုသတိပါ (၂) နောင်တရပါ (၃) ကောင်းသောအလုပ်များကိုလုပ်ပါ။

  9. “ရှင်ယောဟန်၏ရှေ့မှောက်သို့ပေါ်လာသောခရစ်တော်၏ပုံသဏ္ဍာန် မျိုးသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေလူတိုင်း၏ မျက်မှောက်သို့ထင်ရှားသင့်သည်။ ထိုသခင်သည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူကြောင်းသက်သေဖြစ်သည်။ အသင်းတော်၏ တိုးတက်လှုပ်ရှားမှုတန်ခိုးဖြစ်စေပါသည်။ အမှောင်ထုမိုးတိမ်ကြီးများကဘုရားရှင်၏လူများကို ၀န်းရံထားသောအချိန် များရှိသည်။ ထိုအချိန်မျိုး၌ နှိပ်စက်ညှဉ်းပန်းခြင်းနှင့်ဖိနှိပ်ချုပ်ချယ်ခြင်းများကိုခံရ၏။ သို့သော် ထိုအချိန်အတောအတွင်းမှာပင် အကြံဥာဏ်ပေးသောသင်ခန်းစာများကိုဘုရားသခင်ချပေးတော်မူသည်။ ခရစ်တော်ကိုယ်တိုင် အချုပ်ခန်းများ၊ ထောင်များအတွင်းသို့မကြာခဏမိမိကိုယ်ကိုရွေးချယ်ခံရသောသူများအားကိုယ်ထင်ပြလေ့ရှိတတ်သည်။ ခက်ခဲနေသောအချိန်များ၌ ကိုယ်တော်သည်အင်အားကိုပေးတော်မူ၏။ အမှောင်ဆုံးသောညအချိန်၌ အလင်းလက်ဆုံးသောကြယ်ပွင့်လေးများလင်းလက်နေသကဲ့သို့ ဒုက္ခအရောက် ဆုံးအချိန်၌ဘုရားရှင်၏တန်ခိုးတော်ရောင်ခြည်သည် သူ့ကိုယုံကြည်သူများထံ ဖြာဆင်းကျရောက်လာသည်။ မိုးကောင်းကင်သည် နက်မှောင်ကာ၊ တရားတော် နေမင်း၏ရောင်ခြည်သည် ပို၍လင်းလက်ရှင်းလင်းလာလေဖြစ်မည်။ ကယ်တင်ရှင်သည်ရှင်ပြန်ထမြောက်ခဲ့သူဖြစ်ခြင်းကြောင့်ဖြစ်သည်။” E.G.W. (The Youth’s Instructor, April 5, 1900)

More Related